ဆောင်းပါးများ နှင့် စာစုများ
လူမျိုးစုံ အတူတကွပေါင်းစည်းညီညွတ်စွာနေနိုင်ဖို့အတွက် ဒီမိုကရေစီဖြစ်ခြင်းရဲ့ အရေးပါမှု
ယဉ်ကျေးမှု၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းတွေ စုံလင်ကွဲပြားတဲ့အခါ ဒီမိုကရေစီဟာ ဖက်ဒရယ်စနစ်ကို ခိုင်မာစေမယ့် အခြေခံအုတ်မြစ်တစ်ခုဖြစ်လာပါတယ်။ ဖက်ဒရယ်စနစ်ဟာ အာဏာကို ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲဝေထားပြီး လူမျိုးဘာသာပေါင်းစုံ တိုင်းရင်းသားတွေ အတူတကွ စည်းလုံးညီညွတ်စွာ ယှဉ်တွဲနေထိုင်နိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအလေ့အထတွေကို ရှင်သန်အားကောင်းအောင် မလုပ်ထားဘူးဆိုရင် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရာမှာ တိုင်းရင်းသားလူမျိုးစုတွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်စေနိုင်ပြီး တည်ငြိမ်တဲ့အုပ်ချုပ်ရေစနစ်တစ်ခုအဖြစ် ရေရှည်တည်တံ့ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာဆိုရင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခု ဒါမှမဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်းကနေ အာဏာကိုလက်ဝါးကြီးအုပ်ရယူထားတာကို လျှော့ချပေးနိုင်သလို ဒီမိုကရေစီနည်းကျ တန်းတူညီမျှမှုနဲ့ ပါဝင်ဆောင်ရွက်မှုတွေကို လှုံ့ဆော်ပေးပြီး မတူကွဲပြားတဲ့အသံတွေကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ရေရှည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ [...]
တောင်ကိုရီးယားက ဒီမိုကရေစီ – လူထုပူးပေါင်းပါဝင်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတို့ရဲ့ ခရီးရှည်
တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်တဲ့ နောက်ခံမှတ်တမ်းတွေထဲမှာဆိုရင် စစ်အုပ်ချုပ်ရေး (Martial Law) က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဆီကို ခရီးနှင်ခဲ့တဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ ဂျပန်လက်အောက်ကနေ လွတ်မြောက်ခဲ့တာနဲ့အတူ ကိုရီးယားကျွန်းဆွယ်ဟာ ၃၈ မျဉ်းပြိုင်အတိုင်း ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ နယ်မြေခွဲခြားသတ်မှတ်ခြင်းကို ခံခဲ့ရပါတယ်။ ၁၉၄၈ ခုနှစ်မှာတော့ မတူညီတဲ့အစိုးရနှစ်ခုနဲ့အတူ Democratic People’s Republic of Korea (North Korea) နဲ့ Republic of Korea (South Korea) ဆိုပြီး နှစ်နိုင်ငံကွဲသွားခဲ့ပါတယ်။
၁၉၄၈ မှာတောင်ကိုးရီးယားရဲ့ ပထမဆုံးသမ္မတအဖြစ် Syngman [...]
ဒီမိုကရေစီ… သို့
Democratization ဆိုတာ ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပြီး နိုင်ငံရေးစနစ်များစွာရှိတဲ့အနက် ဒီမိုကရေစီစနစ်မဟုတ်တဲ့ နိုင်ငံရေးစနစ်တစ်ခုခုကနေ ဒီမိုကရေစီနဲ့ အုပ်ချုပ်တဲ့ အစိုးရစနစ်ဆီကို ကူးပြောင်းတာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဒီမိုကရေစီနိုင်ငံ အားလုံးဟာ အာဏာရှင်စနစ်တစ်မျိုးမျိုးကနေ ကူးပြောင်းလာကြတာဖြစ်ပါတယ်။ ဒီ blog လေးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်လှိုင်းတွေအကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုပုံစံတွေအကြောင်း နှစ်ပိုင်းခွဲပြီး ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
နိုင်ငံရေးပညာရှင် ဆမ်မြူရယ် ပီ ဟန်တင်တန် (Samuel P. Huntington) က ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကို အဓိက လှိုင်း ၃ ခုအဖြစ် သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေဟာ လှိုင်းတစ်ခုချင်းစီမှာ နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှုတွေ၊ လူမှုရေးလှုပ်ရှားမှုတွေ၊ ပြင်ပဖိအားတွေကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ အောင်မြင်မှုအတိုင်းအတာတွေ မတူညီကြသလို နောက်ကြောင်းပြန်လှည့်ပြီး အာဏာရှင်စနစ်အောက်ကို ပြန်လည်ရောက်ရှိသွားတတ်တာတွေလည်း ရှိပါတယ်။
ပထမလှိုင်း (၁၉၂၈-၁၉၂၆) ဟာ ၁၉ [...]
“ဖက်ဒရယ်စနစ်” သို့မဟုတ် ဟန်ချက်ညီမျှတဲ့ အုပ်ချုပ်မှုယန္တရား
ကမ္ဘာပေါ်မှာ နိုင်ငံရေးစနစ်တွေ အမျိုးမျိုးရှိနေတဲ့ထဲမှာမှ လူမျိုး၊ ပထဝီဒေသနဲ့ ယဉ်ကျေးမှု မတူကွဲပြားတဲ့လူအုပ်စုအချင်းချင်းကြားမှာ လူအုပ်စုတစ်စုကပဲ လွှမ်းမိုးချုပ်ကိုင်နေတာမျိုး မဖြစ်ရအောင် မတူညီတဲ့လူအုပ်စုတွေရဲ့ ယဉ်ကျေးမှု၊ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ တန်းတူညီမျှမှုကို အာမခံချက်ပေးနိုင်ဖို့အတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြပါတယ်။ ဖက်ဒရယ်စနစ်ဆိုတာ အခြေခံအားဖြင့် အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသဆိုင်ရာအစိုးရတို့အကြား လုပ်ပိုင်ခွင့်အာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျ ခွဲဝေသုံးခွင့်ပေးထားတဲ့ အုပ်ချုပ်မှုစနစ်တစ်ခုဖြစ်ပါတယ်။
ဖက်ဒရယ်စနစ်ရဲ့ အာဏာခွဲဝေမှုနဲ့ အာဏာအမျိုးအစားများ
ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား လုပ်ပိုင်ခွင့် အာဏာကို ခွဲဝေပြီး ပိုင်းခြားသတ်မှတ်ပါတယ်။ ဒီလိုပိုင်းခြားသတ်မှတ်ရာမှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို အခြေခံဥပဒေအရ ထုတ်ဖော်ရေးသားထားလေ့ရှိပြီး “စာရင်းဇယားဖြင့်ပြုစုထားသော လုပ်ပိုင်ခွင့်အာဏာများ (Enumerated Power)” လို့ ခေါ်ပါတယ်။ တချို့ဖက်ဒရယ်နိုင်ငံတွေမှာ [...]
ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရတစ်ရပ်ရဲ့အုပ်ချုပ်ပုံ၊ အခွင့်အာဏာတွေ၊ တာဝန်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေနဲ့ တာဝန် စတာတွေကို တရားဝင်ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေကျမ်းတစ်ခုဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလို့လည်း သုံးနှုန်းကြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်မှုယန္တရားပုံစံ၊ သက်ဆိုင်ရာကဏ္ဍအလိုက်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ တာဝန်တွေ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတာတွေ၊ နိုင်ငံသားအားလုံးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဥပဒေစိုးမိုးမှုရရှိနိုင်ရေးတွေကို ပြဋ္ဌာန်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ အမြင့်ဆုံးဥပဒေ (Supreme Law) ဖြစ်ပြီး မည်သည့်ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက်မဆို အခြေခံအုတ်မြစ်အဖြစ် တည်ရှိပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူမှုပဋိညာဉ်အယူအဆ (Social Contract Theory) လို့ခေါ်တဲ့ နိုင်ငံရေးအတွေးအခေါ် ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ လူမှုပဋိညာဉ်ဆိုတာ [...]
နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားလှုပ်ရှားမှု
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇူလိုင်လအစောပိုင်းက တက္ကသိုလ်ကျောင်းသားတွေ စတင်ခဲ့တဲ့ဆန္ဒပြလှုပ်ရှားမှုတွေဟာ အစိုးရအပြောင်းအလဲဖြစ်စေတဲ့အထိ သက်ရောက်မှုကြီးမားခဲ့ပြီး နိုင်ငံရဲ့သမိုင်းဝင်အပြောင်းအလဲတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အလယ်ပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရှုပ်ထွေးလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး စီးပွားရေး မညီမျှမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ငွေကြေးဖောင်းပွပြီး ကုန်ကျစရိတ်မြင့်တက်လာတာတွေ၊ ဘွဲ့ရလူငယ်တွေအတွက် အာမခံချက်ရှိတဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေရရှိဖို့ခက်ခဲတာတွေနဲ့ အစိုးရအလုပ်အကိုင်ခန့်အပ်တဲ့နေရာမှာ နိုင်ငံကိုလွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူတွေရဲ့ ဆွေမျိုးတွေကို ခွဲတမ်းချ နေရာဖယ်ပေးထားတာမျိုးတွေစတဲ့ တရားမျှတမှုမရှိတာတွေဟာ ဒီကျောင်းသားလှုပ်ရှားမှုကို အစပြုဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဆင့်မြင့်တရားရုံးကနေ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် အလုပ်အကိုင်ခန့်အပ်ရာတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ကြသူတွေရဲ့ မျိုးဆက်တွေအတွက် ၃၀% နေရာပေးတဲ့ အလုပ်ခွဲတမ်းစနစ်ကို ပြန်လည်စတင်ခဲ့ပါတယ်။ ဒီလိုခွဲတမ်းစနစ်ကို မကျေနပ်ကြတဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ ဒီစနစ်ကို [...]
ကျားမတန်းတူရေး လှုပ်ရှားမှုများက ယူဆောင်လာခဲ့တဲ့ လူမှုတရားမျှတမှု
လူမှုတရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်းထဲမှာ မတူညီတဲ့ လူမှုစီးပွားရပိုင်ခွင့်တွေကြောင့် ဖိနှိပ်ခံရတာတွေ ခွဲခြားဆက်ဆံခံရတာတွေကို ထုတ်ဖော်ကာကွယ်ပေးပြီး လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေကို မဆုံးရှုံးရအောင် ကာကွယ်လုပ်ဆောင်ပေးတဲ့ တရားမျှတမှုပုံစံဖြစ်ပါတယ်။ ဒီတရားမျှတမှုပုံစံဟာ သမားရိုးကျ ကျင့်သုံးတဲ့ မတရားမှုဖြစ်ပေါ်လာမှသာ အရေးယူဆောင်ရွက်ပေးတဲ့ပုံစံမျိုးမဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲက လူမှုစီးပွားရေးမတူညီမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတရားမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် လူမှုတရားမျှတမှုဆိုတာ လူ့အဖွဲ့အစည်းတွေထဲမှာ ဆင်းရဲသူတွေ၊ လူနည်းစုတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ အပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး မတရားမှုတွေ မပြုလုပ်လာနိုင်အောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။
ဒီလိုမျိုး လူမှုတရားမျှတမှုပုံစံကိုလုပ်ဆောင်တဲ့အခါမှာ ကျား-မတန်းတူညီမျှရေး (Gender Equality) လှုပ်ရှားမှုတွေလည်း ပါဝင်နေလျက်ရှိပါတယ်။ ကျား-မတန်းတူညီမျှမှုဆိုတာ လူ့အဖွဲ့အစည်းထဲမှာ ကျား-မ ဖြစ်တည်မှုနဲ့ လိင်စိတ်ခံယူမှု အပေါ်ခွဲခြားဆက်ဆံခြင်းမရှိဘဲ တန်းတူညီမျှတဲ့ ရပိုင်ခွင့်တွေ၊ [...]