လူထုလှုပ်ရှားမှု
လူ့အဖွဲ့အစည်းအတွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မညီမျှမှုတွေကြုံတွေ့လာရတဲ့အခါ လက်ရှိအခြေအနေကနေ ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခု ဒါမှမဟုတ် ပြောင်းလဲမှုကိုဖော်ဆောင်ဖို့အတွက် အတူတကွပူးပေါင်းပြီး လှုပ်ရှားမှုတွေ ပြုလုပ်ကာ တောင်းဆိုကြပါတယ်။
လူထုလှုပ်ရှားမှုတွေဟာ ပေါ်ပေါက်လာရတဲ့ အကြောင်းတရားတွေ၊ ဦးတည်ချက်တွေ၊ လှုပ်ရှားမှုပုံစံတွေ မတူကြသလို ကျယ်ပြန့်မှုအတိုင်းအတာနဲ့ အောင်မြင်မှုတွေလည်း ကွဲပြားတဲ့အကြောင်းကို ဒီ Animation video လေးမှာ မျှဝေပေးထားပါတယ်။