လူမှုတရားမျှတမှု
ဉာဏ်စမ်းမေးခွန်း: 1/9
အောက်ပါအချက်များထဲမှ လူမှုတရားမျှတမှုကိုဖော်ပြတဲ့အချက်တစ်ချက်ကို ရွေးပါ။
- ၁။ လူသားတိုင်းကို လေးစားစွာ ဆက်ဆံခြင်း
- ၂။ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ လူတိုင်း တန်းတူညီမျှမှုရရှိခြင်း
- ၃။ အခက်အခဲများကြုံတွေ့နေရသော လူအုပ်စုများအား ကူညီထောက်ပံ့ခြင်း
- ၄။ ခွဲခြားဆက်ဆံခြင်းနှင့် တရားမျှတမှုမရှိခြင်းတို့အား အားပေးခြင်း
လူ့အဖွဲ့အစည်းအတွင်းမှာ လူမှုတရားမျှတမှုရှိဖို့အတွက် ဘာကြောင့်အရေးကြီးပါသလဲ။
- ၁။ ပိုမိုကောင်းမွန်ပြီး မျှတမှုရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရန်
- ၂။ လူအချို့ သို့မဟုတ် လူအုပ်စုများအား လူ့အဖွဲ့အစည်းတွင်းက ထုတ်ပယ်ထားရန်
- ၃။ ခွဲခြားဆက်ဆံခြင်းနဲ့ မညီမျှခြင်းတွေကို အားပေးရန်
- ၄။ လူတိုင်းအတွက် အခွင့်အရေးများကို ကန့်သတ်ရန်
လူမှုတရားမျှတမှုဆိုတာ တန်းတူညီမျှမှုနဲ့ တရားမျှတမှုအရ ဘာကိုဆိုလိုပါသလဲ။
- ၁။ ကျား/မဖြစ်တည်မှု၊ လူမျိုး၊ ကိုးကွယ်မှု၊ လူမှုအဆင့်အတန်းသတ်မှတ်မှုများအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံခြင်း
- ၂။ လူအချို့ သို့မဟုတ် လူအုပ်စုများအား လူ့အဖွဲ့အစည်းတွင်းက ထုတ်ပယ်ထားခြင်း
- ၃။ ကျား/မဖြစ်တည်မှု၊ လူမျိုး၊ ကိုးကွယ်မှု၊ လူမှုအဆင့်အတန်းသတ်မှတ်မှု စတာတွေအပေါ် ခွဲခြားမှုမရှိဘဲ လူတိုင်းအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးများနဲ့ အခွင့်အလမ်းများရရှိခြင်း
- ၄။ ရာဇဝတ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်း
အောက်ပါအချက်များထဲမှ လူမှုတရားမျှတမှုကို ဖော်ပြတဲ့ ဥပမာတစ်ခုကို ရွေးပေးပါ။
- ၁။ Black Lives Matter
- ၂။ အမျိုးသမီးများမဲပေးခွင့်ရရှိခြင်း
- ၃။ ကျား/မ တန်းတူညီမျှမှုရရှိခြင်း
- ၄။ အထက်ပါအချက်များအားလုံး
လူ့အဖွဲ့အစည်းအတွင်း ခေါင်းပုံဖြတ်မှုတွေ မဖြစ်ပေါ်အောင် ကာကွယ်ဖို့နဲ့ လူတိုင်းအခြေခံလိုအပ်ချက်တွေ တန်းတူရရှိစေဖို့ လုပ်ဆောင်တဲ့ အတွေးအခေါ်ကို ဘယ်လိုခေါ်ပါသလဲ။
- ၁။ တရားဥပဒေစိုးမိုးမှု
- ၂။ လူမှုတရားမျှတမှု
- ၃။ ပွင့်လင်းမြင်သာမှု
- ၄။ တာဝန်ခံမှု
လူတစ်ဦးအတွက် အခြေခံလိုအပ်ချက်မဟုတ်တဲ့ အချက်တစ်ခုကိုရွေးပါ။
- ၁။ ပညာသင်ကြားခွင့်
- ၂။ အစာအာဟာရ ရရှိမှု
- ၃။ ရွှေငွေရတနာများဝယ်ယူနိုင်မှု
- ၄။ အမိုးအကာအောက်တွင် နေထိုင်နိုင်မှု
လူတိုင်းပညာသင်ခွင့်ရရှိစေဖို့ အစိုးရအနေနဲ့ လုပ်ဆောင်ပေးသင့်တဲ့ အရာမှာ –
- ၁။ ကိုယ်ပိုင်ကျောင်းများခွင့်ပြုခြင်း
- ၂။ ပြည်သူပိုင်ကျောင်းများဖွင့်ခြင်း
- ၃။ ပညာတော်သင်များ စေလွှတ်ခြင်း
- ၄။ နိုင်ငံခြားကျောင်းများ ခွင့်ပြုခြင်း
လူမှုတရားမျှတမှု ဖော်ဆောင်ရာမှာ တန်းတူထက်ပိုတဲ့ အခွင့်အရေးတွေ ရရှိဖို့လိုအပ်တဲ့ ထိခိုက်လွယ်အုပ်စုမှာ ပါဝင်သူများကိုရွေးပါ။
- ၁။ အမျိုးသားများနှင့် လူငယ်များ
- ၂။ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များ
- ၃။ အမျိုးသမီးများနှင့် မသန်စွမ်းများ
- ၄။ အနုပညာရှင်များ
လူမှုတရားမျှတမှုရဲ့ အရေးပါတဲ့ အခြေခံစည်းမျဉ်းတစ်ခုကို ရွေးပါ။
- ၁။ ဝင်ငွေအညီအမျှလူတိုင်းရရှိရန်
- ၂။ လူတိုင်းဘွဲ့ရပညာတတ်ဖြစ်ရန်
- ၃။ မတူကွဲပြားမှုကို နားလည်လက်ခံရန်
- ၄။ နိုင်ငံတော်ဘာသာသတ်မှတ်ရန်